(26.2.2017) Weather is  generally fair over the North Bay and partly cloudy to cloudy over the Andaman Sea and elsewhere over the Bay of Bengal.

Seismology

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၀း၁၅ နာရီအချိန် ထုတ်ပြန်ချက်)

 

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၅၉)မိနစ်၊ (၄၂)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၈၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် မိုင်(၄၀)ခန့်အကွာ)ကို ဗဟိပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

 

မြေငလျင်ဌာနခွဲ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၏ မြေငလျင်ဌာနခွဲသည် မြေငလျင်တိုင်းစခန်းများ ဖွင့်လှစ်ခြင်း၊ မြေငလျင်တိုင်းစက်များ တပ်ဆင်ခြင်း၊ မြေငလျင်တိုင်းစခန်းများမှ (၂၄)နာရီအချိန်ပြည့် တိုင်းတာချက်မှတ်တမ်းများကို လက်ခံရယူခြင်း၊ မြေငလျင်သတင်း ထုတ်ပြန်ပေးခြင်း၊ ဆူနာမီ သတိပေးချက်ထုတ်ပြန်ခြင်း၊ မြေငလျင်အန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် ကြရပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနတွင် မြေငလျင်တိုင်းစခန်းများကို အောက်ပါအတိုင်း ဖွင့်လှစ်ထားရှိလျက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်-

(က)

မြေငလျင်တိုင်းစခန်း(Analog)စခန်း

(ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ထားဝယ်)

(၄)စခန်း
(ခ)

အင်အားပြင်းမြေငလျင်တိုင်းစခန်း

(နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ ပြည်၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ မုံရွာ၊ ညောင်ဦး၊ ပဲခူး၊ ပုသိမ်)

(၁၁)စခန်း
(ဂ)

လှိုင်းခွင်ကျယ်မြေငလျင်တိုင်းစခန်း

(ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ နမ့်စန်၊ နေပြည်တော်၊ ပုသိမ်၊ ဘားအံ၊ စစ်တွေ)

(၈)စခန်း

မြေငလျင်ဌာနခွဲသည် ပြည်တွင်း/ပြည်ပ မြေငလျင်လှူပ်ရှားမှူ အချက်အလက်များ စုစည်းထိန်းသိမ်းထားရှိလျက် သုတေသနပြုဆောင်ရွက်ခြင်း၊ နိုင်ငံတော်စီမံကိန်းများအတွက် အကြံဉာဏ်များပေးခြင်း၊ မှတ်တမ်းအချက်အလက်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။

မြေငလျင်နှင့် ဆူနာမီဘေးအန္တရာယ် လျော့ပါးရေးအတွက် မြေငလျင်ဌာနခွဲသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဘူမိသိပံ္ပအသင်း၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့နှင့် လက်တွဲပူးပေါင်းပြီးလည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့မြေငလျင်အန္တရာယ် လျော့ပါးရေးအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြေငလျင်အုပ်ချုပ်ရေးအဖွဲ့၊ ဂျပန်နိုင်ငံ မြေငလျင်ပညာရှင်များအဖွဲ့၊ ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ၊ ပစိဖိတ် ဆူနာမီကြိုတင်သတိပေးရေးဗဟိုဌာန၊ အိန္ဒိယသမုဒ္ဒရာ ဆူနာမီကြိုတင်သတိပေးရေးဗဟိုဌာန၊ အပြည်ပြည်ဆိုင်ရာ သမုဒ္ဒရာကော်မရှင်၊ ဒေသတွင်း ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးရေးဗဟိုဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။