နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်
တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့်
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး
အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာ
ကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပေါင်မြို့တွင် (၉.၂၉)လက်မ၊ ကျိုက်ဒုံမြို့
တွင် (၇.၇၁)လက်မ၊ ပိုင်ကျုံမြို့တွင် (၆.၆၁)လက်မ၊ လှိုင်းဘွဲ့မြို့တွင် (၅.၆၇)လက်မ၊ ရွှေဂွန်းတွင်
(၅.၅၂)လက်မ၊ မတ္တရာ(စိုက်ပျိုးရေး မိုးလေဝသ)တွင် (၅.၃၉)လက်မ၊ ကျိုက်မရောမြို့တွင် (၅.၂၀)
လက်မ၊ ကိုကိုးကျွန်းမြို့နှင့် မော်လမြိုင်မြို့တို့တွင် (၄.၇၂)လက်မစီ၊ ကြာအင်းဆိပ် ကြီးမြို့တွင် (၄.၆၀)
လက်မ၊ ကော့ကရိတ်မြို့နှင့် မုဒုံမြို့တို့တွင် (၄.၂၁)လက်မစီ၊ လောင်းလုံးမြို့တွင် (၃.၉၀)လက်မ၊ ရေးမြို့
တွင် (၃.၈၂)လက်မ၊ ရေဦးမြို့တွင် (၃.၇၄)လက်မ၊ ရွှေကျင်မြို့တွင် (၃.၇၀)လက်မ၊ ထားဝယ်မြို့တွင်
(၃.၅၀)လက်မ၊ ကမမောင်းမြို့တွင်(၃.၃၉)လက်မ၊ ဘားအံ (စိုက်ပျိုးရေးမိုးလေဝသ)တွင် (၃.၃၁)
လက်မ၊ စစ်ကိုင်းမြို့တွင် (၃.၀၈)လက်မ၊ အမရပူရ(စိုက်ပျိုးရေးမိုးလေဝသ)တွင် (၂.၉၀)လက်မ၊
မုံရွာမြို့ တွင် (၂.၆၀)လက်မ၊ မန္တလေးမြို့တွင် (၁.၈၉)လက်မ၊ ကျောက်ဆည်မြို့တွင် (၁.၆၁)လက်မ၊
ဆောမြို့တွင် (၁.၅၄)လက်မနှင့် နွားထိုးကြီးမြို့ တွင် (၁.၅၀)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း
တို့တွင် မုတ်သုံလေ အားကောင်းရာမှ အား အလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်
မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်
နှင့် မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ
ကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်
ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်
တို့တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့
တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
မိုးပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း
ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်း
ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း
ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

