DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

(၉-၁၂-၂၀၁၉) ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်။

အက်ဆစ်ဖြစ်ထွန်းမှုစောင့်ကြည့်လေ့လာခြင်း

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာအတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊ ဇူလိုင်အတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊ ဇွန်တွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊  မေလတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏ pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ

အက်ဆစ်ဖြစ်ထွန်းမှုစောင့်ကြည့်လေ့လာခြင်း

နောက်ခံ အကြောင်းအရာ

ကမ္ဘာ့ လူဦး၏ သုံးပုံ တစ်ပုံခန့်သည် အရှေ့အာရှဒေသတွင် နေထိုင်ကြရာ ဤဒေသအတွင်း စက်မှုလုပ်ငန်းများတစ်ဟုန်တိုး ထွန်းကားလာမှုကြောင့် စီးပွားရေး ကဏ္ဍတွင်လည်း လျင်မြန်စွာ တိုးတက်လျက်ရှိပါသည်။ သို့ရာတွင် ဤစက်မှုလုပ်ငန်းများ၌ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများကို အမြောက်အများ သုံးစွဲရသည်ဖြစ်ရာ ယင်းလောင်စာများလောင်ကျွမ်းမှုနှင့် ပို့ဆောင်ရေးယာဉ်များမှ ပေါ်ထွက်လာသည့် အခိုးအငွေ့များကြောင့် တစ်ချိန်တည်းမှာပင် အက်ဆစ်ဖြစ်ထွန်းမှု အပါအဝင် လေထုညစ်ညမ်းမှုကို ဤဒေသ၌ ကြုံတွေ့ကြရပါသည်။ လေထုညစ်ညမ်းမှုသည် နယ်နမိတ် ကန့်သတ်မရသည်နှင့် အညီ ဤပြဿနာကို အဖြေရှာရာ၌ တစ်နိုင်ငံချင်းထက် ဒေသအတွင်းရှိ နိုင်ငံ အများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်အရ ဂျပန်နိုင်ငံမှ ဦးဆောင်၍ အရှေ့အာရှဒေသရှိ နိုင်ငံ (၁၀)နိုင်ငံတို့ ပူးပေါင်းလျက် ၂၀၀၀ ခုနှစ်မှ စ၍ အရှေ့အာရှဒေသ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်ရေး ကွန်ယက်လုပ်ငန်း(Acid Deposition Monitoring Network in East Asia- EANET) ကို စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ ယခုအချိန်တွင် EANET အဖွဲ့ဝင်နိုင်ငံပေါင်း (၁၃)နိုင်ငံရှိပြီး၊ မြန်မာနိုင်ငံသည်လည်း ၂၀၀၆ ခုနှစ် မှစ၍ EANET အဖွဲ့ဝင်နိုင်ငံဖြစ်ကာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီဌာနသည် EANET ဆိုင်ရာ အမျိုးသား ဗဟိုဌာနအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

အက်ဆစ်ဖြစ်ထွန်းမှုဖြစ်စဉ်

ကျောက်မီးသွေးနှင့် လောင်စာများဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကို လျှပ်စစ် ဓာတ်အားပေးစက်၊ စက်မှုကုန်ထုတ်စက်ရုံများ၊ ပို့ဆောင်ရေးယာဉ်တို့တွင် အသုံးပြုရာမှ ထွက်ပေါ်လာသည့် ဆာလဖာ ဒိုင်အောက်ဆိုဒ် SO2 နှင့် နိုက်ထရိုဂျင် အောက်ဆိုဒ် NOx ဓာတ်ငွေ့များအပြင် မီးခိုး၊ ကြပ်ခိုးနှင့် ဒြပ်မှုန်တို့သည်လည်း လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး အက်ဆစ်ဖြစ်ထွန်းမှုများဖြစ်ပေါ်စေပါသည်။ အက်ဆစ်ဖြစ်ထွန်းရာတွင် အစိုဖြစ်ထွန်းခြင်း (Wet Deposition)နှင့် အခြောက်ဖြစ်ထွန်းခြင်း(Dry Deposition) ဟူ၍ နှစ်မျိုးရှိပြီးအစိုဖြစ်ထွန်းခြင်းတွင် SO2 နှင့် NOx ဓာတ်ငွေ့နှင့်တကွ အခြားဒြပ်မှုန်တို့သည် လေထုအတွင်း၌ လွင့်မျောလျက်ရှိသော တိမ်များနှင့် ပူးပေါင်းမိသောအခါ တိမ်အတွင်းရှိ ရေစက်ရေပေါက်များနှင့် ဟိုက်ဒရိုဂျင်အိုင်းယွင်း(H+)တို့ဓာတ်ပြုပြီး၊ ဆာလဖြူရစ်အက်ဆစ်နှင့် နိုက်ထရစ် အက်ဆစ်များ အဖြစ်သို့ ဓာတ်ပြောင်းသွားကြရာမှ မိုးရေ၊ နှင်းပွင့် မြူထူနှင့် မြူအဖြစ် ကမ္ဘာပေါ်သို့ ရွာကျခြင်းဖြစ်စဉ်ပင်ဖြစ်သည်။ အက်ဆစ် အခြောက်ဖြစ်ထွန်းခြင်းမှာ ရာသီဥတုသာယာသည့် အချိန်အခါ များနှင့် တမ်ထူသည့် နေ့များတွင် လေထုထဲတွင် ရောနှောပါဝင်နေသော အက်ဆစ်ဖြစ်ထွန်းနိုင်သည့် ဓာတ်ငွေ့များနှင့် လွှင့်မျောနေသော မြူမှုန်၊ ဒြပ်မှုန်တို့သည် မြေပြင်၊ အဆောက်အဦနှင့် သစ်ပင်များပေါ်သို့ တိုက်ရိုက်ကျရောက်ခြင်းနှင့် လူတို့၏ ခန္ဓာကိုယ်အတွင်းသို့ အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက် လာခြင်းဖြစ်စဉ်ပင်ဖြစ်သည်။

အက်ဆစ်ဖြစ်ထွန်းမှုအန္တရာယ်

အက်ဆစ် အစိုဖြစ်ထွန်းခြင်းနှင့် အခြောက်ဖြစ်ထွန်းခြင်း ဖြစ်စဉ်များသည် မြေဆီလွှာ၊ အင်းအိုင်နှင့် ရေပြင်များပေါ်သို့ ကျရောက်သည့်အခါ ဓာတ်ပြုမှုများဖြစ်ပေါ်ပြီး အက်ဆစ်ဖြစ်ထွန်းသဖြင့် သစ်ပင်နှင့် ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေပါသည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် အက်ဆစ်ဖြစ်ထွန်းမှု များပြားလာပါက မှီတင်းနေထိုင်သော ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေပြီး ငါးတို့သည် ငါးသားဥ၊ သားဖောက်ခြင်းကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ချေ။ သစ်ပင် သစ်တောများတွင် အက်ဆစ်ဓာတ် ဖြစ်ထါန်းသော မြူမှုန်၊ ဒြပ်မှုန်များ ကျရောက်ပါက ဧရိယာကျယ်ပြန့်စွာ တဖြည်းဖြည်းခြောက်သွေ့ သေဆုံးစေနိုင်ပါသည်။ မြေဆီလွှာတွင်ရှိသော မြေသြဇာများကို အက်ဆစ်များမှ ချေဖျက်သဖြင့် သစ်ပင်များ အဟာရ ခေါင်းပါးမှုကို ကြုံတွေ့နိုင်ပါသည်။ သက်ရှိလူသားများသည်လည်း လေထုညစ်ညမ်းမှုကြောင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သော ပန်းနာရင်ကျပ်ဝေဒနာ၊ အဆုပ်ရောဂါနှင့် ခဲဆိပ်သင့်သည့် ဝေဒနာတို့ကို ခံစားကြရပါသည်။

EANET ဆိုင်ရာ အမျိုးသား ဗဟိုဌာနတွင် ဆောင်ရွက်နေသော လုပ်ငန်းများ

EANET ဆိုင်ရာ အမျိုးသား ဗဟိုဌာနဖြစ်သော မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတွင် ၂၀၀၀ ခုနှစ်မှစ၍ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ဒုဌဝတီမြစ်နှင့် လှိုင်မြစ်စသည် တို့၏ မြစ်ရေ အရည်အသွေးတိုင်းထွာခြင်းကို စတင်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်မှ စ၍ မိုးရေတိုင်းတာ ခြင်းကိုပါ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်။ မိုးရေ တိုင်းထွာခြင်းကို ရန်ကုန်မြို့၊ မန္တလေးမြို့မှစ၍ တိုင်းနှင့်ပြည်နယ်မြို့ကြီးများအတွက် ဆောင်ရွက်လျက် မှတ်တမ်းရယူနိုင်ခဲ့ပါသည်။ မိုးရေ တိုင်းထွာရာတွင် ကိရိယာ အခက်အခဲကြောင့် pH နှင့် Electric conductivity (EC) ကိုသာ အဓိကထားတိုင်းထွာခဲ့ပါသည်။ မြန်မာနိုင်ငံသည် EANET အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီးနောက်ပိုင်း EANET ကွန်ယက် လုပ်ငန်းအတွက် ရန်ကုန်မြို့ (ကမ္ဘာအေး)အား မြို့ပြစခန်းအဖြစ်သတ်မှတ်ခဲ့ပါသည်။ ဂျပန်နိုင်ငံမှ လှူဒါန်းသော Wet Sampler ဖြင့် မိုးရေနမူနာများ စနစ်တကျ ရယူလျက် pH နှင့် EC တိုင်းထွာခြင်းကို ၂၀၀၇ ခုနှစ် ဇူလိုင်လမှစ၍ ဆောင်ရွက်ခဲ့ပြီး တိုင်းထွာချက်မှတ်တမ်းများကို EANET ၏ Network Center ဖြစ်သော ဂျပန်နိုင်ငံ အခြေစိုက် Asia Center for Air Pollution Research – ACAP(ယခင် Acid Deposition and Oxidant Research Center- ADORC) သို့ပေးပို့ရပါသည်။

 

 

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ရွာသွန်းခဲ့သော မိုးရေနမူနာများ၏pH နှင့် EC(mS/m) တိုင်းတာရရှိချက်များ