DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

(၂၈- ၁- ၂၀၂၀) ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အယ်နီညို(El nino)

၂၀၁၈ ခုနှစ်၊ အယ်နီညိုအ‌ခြေအနေ

(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့ ထုတ်ပြန်ချက်)

အယ်နီညိုဖြစ်စဉ်အခြေအနေ

(က)    ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလလယ်အတွင်း အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ

အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်သည်

ပုံမှန်ထက် မြင့်တက်လျက်ရှိပြီး အယ်နီညိုဖြစ်စဉ်သို့ ရောက်ရှိ လျက်ရှိပါသည်။ ခန့်မှန်းချက်များအရ

အဆိုပါ ပစိဖိတ်သမုဒ္ဒရာတွင် ၂၀၁၈-၂၀၁၉ခုနှစ်  (ဒီဇင်ဘာ-ဇန်နဝါရီ-ဖေဖော်ဝါရီ) (၃)လ ပျမ်းမျှ

ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် အားအနည်းငယ်မှ အသင့်အတင့် အယ်နီညိုအဆင့်သို့

ရောက်ရှိအောင် ပူနွေးနိုင်ပြီး၊  အယ်နီညိုဖြစ်စဉ်သည် ၂၀၁၉ ခုနှစ်၊ မေလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ကာ

တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနှင့် ရာသီဥတုခန့်မှန်းရေး ဗဟိုဌာန

များမှ ထုတ်ပြန်ထားပါသည်။

(ခ)    ၂၀၁၈-၂၀၁၉ခုနှစ် (ဒီဇင်ဘာ-ဇန်နဝါရီ-ဖေဖော်ဝါရီ)လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ

(၉၁%) အထိရှိလာနိုင်ပြီး၊ ၂၀၁၉ ခုနှစ်၊ (ဖေဖော်ဝါရီ-မတ်-ဧပြီ)လတွင် (၈၀%)၊ ၂၀၁၉ ခုနှစ်၊

(ဧပြီ-မေ-ဇွန်)လတို့တွင် (၆၂%)နှင့် ၂၀၁၉ ခုနှစ်၊ (ဇွန်-ဇူလိုင်-ဩဂုတ်)လတို့တွင် (၅၂%)သို့

ပြန်လည်လျော့ကျလာနိုင်ကြောင်းကို အယ်နီညိုဖြစ်စဉ် အား နိုင်ငံတကာပစိဖိတ်သမုဒ္ဒရာ

ပင်လယ်ရေမျက်နှာပြင်အပူချိန်လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားပါသည်။
အကြံပြုချက်

========
(က)      သို့ဖြစ်ရာ အယ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက်

ကြိုတင်ပြင်ဆင်နိုင်ကြပါရန်  အသိပေးအပ်ပါသည်။ အယ်နီညိုဖြစ်စဉ်အား ပြောင်းလဲ မှုရှိပါက

အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။