DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၁၂-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် တောင်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့(Coco Island)၏ အနောက်ဘက် ရေမိုင် ၇၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့မြောက် ဘက် ရေမိုင် ၄၀ မိုင်ခန့်နှင့် ချင်းနိုင်မြို့(Chennai)၏ တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီကမ်းခြေတို့သို့ ဦးတည်ရွေ့လျားနိုင်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်း ရပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၃/၂၀၂၂)

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၃/၂၀၂၂)

 (၂၀၂၂ခုနှစ်၊ မတ်(၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က)    အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက်တောင်ဘက်ရေမိုင် (၆၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၄၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomale)မြို့၏ မြောက်-အရှေ့မြောက်ဘက်ရေမိုင်(၁၉၀)မိုင်ခန့်၊အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ်(Nagapattinam)မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၁၆၀)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏တည်နေရာ၊ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၆) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၄) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။                       

(ဂ)     နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည်ကနဦးတွင် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက်၊ အနောက်-အနောက်တောင်ဘက်သို့ ပြန်ကွေ့ကာ၊နောက်(၄၈)နာရီအတွင်းအိန္ဒိယနိုင်ငံ၊တမီးလ်နာဒူး(Tamil Nadu)မြောက်ပိုင်းကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်သည်ဟုခန့်မှန်းရပါသည်။