DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆောင်းရာသီကာလယေဘုယျမြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၇-၂၀၁၈ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၁၀-၂၀၁၇ရက်နေ့ထုတ်ပြန်သည်)

            ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင်  ၆ -ပေမှ ၈-ပေခွဲခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၉-ပေမှ ၁၀-ပေခန့်၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့်  အောင်လံမြို့တို့တွင် ၁၁-ပေမှ ၁၃-ပေခန့်နှင့် ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  ၁၄-ပေ မှ  ၁၅-ပေခန့် ကျဆင်းနိုင်ပါသည်။ 
         ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၈-ပေမှ ၁၀-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင်  ၁၂-ပေမှ ၁၄-ပေခန့် ကျဆင်းနိုင်ပါသည်။