၂၀၁၇-၂၀၁၈ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၁၀-၂၀၁၈ရက်နေ့ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့တို့တွင် (၅) ပေခွဲမှ (၆) ပေခွဲ ခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့တို့တွင် (၉) ပေ ခွဲမှ (၁၁)ပေခွဲခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့ တွင် (၁၂)ပေခွဲခန့်မှ (၁၄)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်တို့တွင် (၇)ပေမှ (၈) ပေခွဲခန့်နှင့် မော်လိုက် မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁၀) ပေခွဲခန့်မှ (၁၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။