DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

(၂၇-၅-၂၀၂၀)ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့ တွင် မုတ်သုံလေ အားနည်းနေပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၁၉ ခုနှစ်၊ အယ်နီညိုအခြေအနေသတင်း

၂၀၁၉ ခုနှစ်၊ အယ်နီညိုအ‌ခြေအနေ
(၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်နေ့ ထုတ်ပြန်ချက်)

အယ်နီညိုဖြစ်စဉ်အခြေအနေ

(က)    ၂၀၁၉ ခုနှစ်၊ မေလအတွင်း အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ အရှေ့ အလယ်ပိုင်း(East Central Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် အနည်းငယ် မြင့်နေဆဲဖြစ်ပါသည်။ ထို့ကြောင့် အယ်နီညို ဖြစ်စဉ်သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ဆက်လက်ရှိနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနှင့် ရာသီ ဥတုခန့်မှန်းရေး ဗဟိုဌာနများမှ  ထုတ်ပြန်ထားပါသည်။

(ခ)    ၂၀၁၉ခုနှစ် (မေ-ဇွန်-ဇူလိုင်)လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ (၈၀%)အထိ ရှိနိုင်ပြီး၊ ၂၀၁၉ ခုနှစ်၊ (ဇူလိုင်-ဩဂုတ်-စက်တင်ဘာ)လတို့တွင် (၆၂%)သို့ ပြန်လည် လျော့ကျလာနိုင်ကြောင်းကို အယ်နီညိုဖြစ်စဉ်အား နိုင်ငံတကာပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနများမှ ထုတ်ပြန် ထားပါသည်။