DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

( ၃၀.၃.၂၀၂၃) ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

“၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ‌ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း”

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ‌ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း”

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

(က)    အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာအားအနည်းငယ်ရှိသောလာနီညာအခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရဖေဖော်ဝါရီလအတွင်း အားအနည်းငယ်ရှိသောလာနီညာအခြေအနေမှ ပုံမှန်နှစ်တစ်နှစ်သို့ ပြန်လည်ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

 

(ခ)     လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များလျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။