၃၀-၁၀-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော နီကိုးဘားကျွန်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ၃၁-၁၀-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂-၁၁-၂၀၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပါသည်။
ရေနည်းမည့်အခြေအနေသတင်း
ရေနည်းမည့်အခြေအနေသတင်း ထုတ်ပြန်ထားခြင်းမရှိပါ။
ရေကြီးမှုအခြေနေသတင်း
ရေကြီးမှုအခြေအနေသတင်း
ရေကြီးခြင်းသတိပေးချက်
ရေကြီးခြင်းသတိပေးချက်
မြေငလျင်သတင်း
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၇း၅၀ နာရီ အချိန်ထုတ်ပြန်ချက်)
မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၄၇/၂၀၂၆)
မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၄၇/၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်
Top Announcement
(၁၆-၈-၂၀၂၆) ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။















