၂၉-၁၀-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော နီကိုးဘားကျွန်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မြစ်ရေကြီးခြင်းသတိပေးချက်
မြစ်ရေကြီးခြင်းသတိပေးချက် ထုတ်ပြန်ထားမှုမရှိ
ရေကြီးမှုအခြေနေသတင်း
ရေကြီးမှုအခြေနေသတင်း ထုတ်ပြန်ထားမှုမရှိပါ။
ရေနည်းမည့်အခြေအနေသတင်း
ရေနည်းမည့်အခြေအနေသတင်း ထုတ်ပြန်ထားခြင်းမရှိပါ။
လေဖိအားနည်းရပ်ဝန်းအခြေအနေ
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
၁။ (က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
Top Announcement
၂၁-၉-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း(မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီး)သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့
















