၉-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်တို့သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Cyclone
မြစ်ရေကြီးမှု ဖြစ်ပေါ်နိုင်သော ကာလမိုးတွင်းကာလ ဇွန်လ မှ အောက်တိုဘာလအတွင်း မြစ်ရေ ကြီးမှု ဖြစ်ပေါ်လေ့ရှိပြီး၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အဖြစ်များသည်။ မြစ်ရေကြီးခြင်း
ဆူနာမီဆိုသည်မှာကမ်းခြေကိုရိုက်ခတ်သည့် ကြီးမားသောရေလှိုင်းကြီးများဟု အဓိပ္ပါယ်ရပါသည်။
ဆူနာမီရေလှိုင်းသဘာဝ
ပထမဆုံးရောက်ရှိလာသော ရေလှိုင်းသည် အကြီးဆုံးလှိုင်း ဖြစ်လေ့မရှိပါ။ စတုတ္ထမြောက်ရေလှိုင်းသည် အကြီးဆုံးလှိုင်း ဖြစ်ပါသည်။ ကုန်းတွင်းရေဖုံးလွှမ်းမှုသည် ကမ်းခြေမှ မီတာ (၁၀၀၀) ခန့် အကွှာအဝေးအထိ ရှိနိုင်သည်။
ဆူနာမီလှိုင်းရွေ့လျားမှု













