မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၆)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းပိုင်းဒေသများသို့ ရောက်ရှိခဲ့ပြီး ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းပိုင်းဒေသများနှင့် ဂျက်ခမ်းပြည်နယ် တို့ကို နောက် ၂၄ နာရီအတွင်း ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) ယခုသတင်းသည် မုန်တိုင်းငယ်(Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး သတင်း ဖြစ်ပါသည်။













