Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၅း၃၀ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၈ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၅)နာရီ (၁၁)မိနစ် (၁၂)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၉၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက်(၂၉)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၈.၃၀ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၃ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ ပါသည်။