ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

====================================================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင်တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။


ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

==================================================
မိုးလေဝသအ‌ခြေအနေ။   နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။
အမြင်တာ ။               (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။                   အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀) ။
လှိုင်းအ‌ခြေအနေ။           လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။                  (၃)ပေမှ (၅)ပေခန့်။
    
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

=================================================
မိုးလေဝသအ‌ခြေအနေ။    အများအားဖြင့်သာယာမည်။
အမြင်တာ ။                (၅)မိုင်။
ရေပြင်လေ။                   မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၅- ၁၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၂၀) ။
လှိုင်းအ‌ခြေအနေ။           လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။                  (၃)ပေမှ (၅)ပေခန့်။