ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၁၃.၇.၂၀၁၆)

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေ

အားအသင့်အတင့်မှအားကောင်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်‌ခန့်။

ရေပြင်လေ။ အနောက် (သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံံ (၃၅)မိုင်။

လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်‌ခန့်။

ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်(၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံံ (၃၅)မိုင်။

လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။