ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၂၆.၁၀.၂၀၁၆)
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်
တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်
နေသောဆိုင်ကလုန်းမုန်တိုင်း“ကြံ့”(KYANT)သည်အနောက်-အနောက်တောင်
ဘက်သို့ရွေ့လျားခဲ့ပြီး၊မြန်မာနိုင်ငံ၊ပုသိမ်မြို့၏အနောက်-အနောက်တောင်ဘက်
(၂၈၅)မိုင်ခန့်၊ဂွမြို့၏အနောက်-အနောက်တောင်ဘက်မိုင်(၂၈၀)ခန့်၊ကျောက်ဖြူမြို့
၏အနောက်တောင်ဘက်မိုင်(၂၇၀)ခန့်၊အိန္ဒိယနိုင်ငံ၊ဗီဇာကာပတ္တနမ်မြို့၏အရှေ့-
အရှေ့တောင်ဘက်မိုင်(၃၈၀)ခန့်နှင့်မာချီလီပတ္တနမ်မြို့၏အရှေ့-အရှေ့မြောက်
ဘက်မိုင်(၅၀၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။အဆိုပါဆိုင်ကလုန်း
မုန်တိုင်း“ကြံ့”(KYANT)သည်အနောက်-အနောက်တောင်ဘက်သို့ဆက်လက်
ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်
တောင်ပိုင်းတို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်
တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅ - ၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့် ရှိမည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၂၀ - ၂၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်မှ မိုင်(၄၀)။
လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။













