၉.၉.၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း - အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ပြည်နယ်မြောက်ပိုင်း - ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့တွင် ၁၁-၉-၂၀၂၆ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၀)နာရီ (၀၈)မိနစ် (၁၅)စက္ကန့်အချိန်တွင် နေပြည်တော် မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၄၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်တွင်းကြီးမြိ့ု၏ အရှေ့မြောက်ဘက် (၁၆)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၂)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။













