၁၃-၉-၂၀၂၆:ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ် အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၇-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)
သြဂုတ်လအတွင်း ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့ ၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန်.စီ ၊ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ ကသာမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီ မြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့များတွင် (၁)ကြိမ် ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ် ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တွင် (၁)ကြိမ် ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်နှင့် ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် (၁)ကြိမ် ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။













