DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၇-၄-၂၀၂၆: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်  ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၄) အစီရင်ခံတင်ပြခြင်း

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၄) စီရင်ခံတင်ပြခြင်း

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်(Depression)သတင်းကို အောက်ပါအတိုင်း အစီရင်ခံတင်ပြအပ်ပါသည်-

(­­­က)    ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်ကမ်းခြေကို ပူရီမြို့(Puri)တောင်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ် (Depression)သည် ဩရိဿပြည်နယ်ပေါ်သို့ ရောက်ရှိခဲ့ပြီး၊ အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ ချက်တစ်ဂတ်ပြည်နယ်သို့ ရောက်ရှိပြီး၊ နောက် (၁၂)နာရီအတွင်း လေဖိအား နည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်း ရပါသည်။

(ခ)     ယခုသတင်းသည် မုန်တိုင်းငယ်(Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး သတင်းဖြစ်ပါသည်။