မြေငလျင်သတင်း

မြေငလျင်သတင်း

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၂၈)မိနစ်၊ (၁၇) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၄၄) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ အရှေ့ဘက် (၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၅၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၂) ဒီဂရီ၊ အနက်(၁၄) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၀ (M)  အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။