DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၉-၂၀၂၄: “ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿတောင်ပိုင်း ကမ်းလွန်)တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေကို ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်တောင်ပိုင်းတို့သို့ ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။”

မိုးကြီးမည့်သတိပေးချက် (၉.၁၀.၂၀၁၅)

မိုးကြီးမည့်သတိပေးချက်

(၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်မိုးလေဝသတိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်

အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်ယနေ့မွန်းလွဲမှနောက်

(၃)ရက်အတွင်းအောက်ဖော်ပြပါတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မှနေရာအနှံ့အပြား

မိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း

ဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်(၂၄)နာရီအတွင်း

မိုးရေချိန်(၃)လက်မ(၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်(၂၄)

နာရီအတွင်းမိုးရေချိန်(၁)လက်မခွဲ(၃၈-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။