DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

၂၀၁၆ခုနှစ်၊ ဇူလိုင်လအတွက် မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၆-၂၀၁၆ ရက်နေ့ထုတ်ပြန်သည်)

၂၀၁၆ခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့ ၊မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်(၁)ကြိမ်ခန့်စီ ယင်းမြို့များ၏စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ကျော်လွန်ရောက်ရှိနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ ကလေးဝမြို့၊မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ပါသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန် မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။