DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၄-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း-ဩရိဿပြည်နယ်‌တောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်‌တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၀:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ မေ(၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၀၈)မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၇၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၇)ဒီဂရီ၊ အနက်(၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (.)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါ သည်။