၂၅-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ရေနည်းမည့်အခြေအနေသတင်း
ရေနည်းမည့်အခြေအနေသတင်း ထုတ်ပြန်ထားခြင်းမရှိပ
ရေကြီးမှုအခြေနေသတင်း
ရေကြီးမှုအခြေအနေသတင်း
မြစ်ရေကြီးခြင်းသတိပေးချက်
ရေကြီးခြင်းသတိပေးချက်
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
၁၄-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းပိုင်းဒေသများသို့ ရောက်ရှိ
၁၄-၈-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းပိုင်းဒေသများသို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်းဒေသများနှင့် ဂျက်ခမ်းပြည်နယ်တို့ကို နောက် ၂၄ နာရီအတွင်း ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ
မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၄၅/၂၀၂၆)
မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၄၅/၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်


















