၃၀-၁၀-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော နီကိုးဘားကျွန်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ၃၁-၁၀-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂-၁၁-၂၀၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပါသည်။
မိုးဦး၊မိုးလယ်၊မိုးနှောင်း/ဆောင်းရာသီကာလ ယေဘုယျ မိုးလေ၀သခန့်မှန်းချက်
နေ့စဉ်မိုးလေဝသသတင်း(၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
နေ့စဉ်မိုးလေဝသသတင်း(၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သ ခန့်မှန်းချက် ၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလ သတ်မှတ်ခြင်း၁။ ၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်နေ့)မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်၂၀၂၆ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း၁။ ၂၀၂၆ ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆုတ် ၂ ရက်နေ့မှ ဝါခေါင်လဆုတ် ၃ ရက်နေ့)အထိ ဖြစ်ပါသည်။ဘင်္ဂလားပင်လယ်အော်အခြေအနေ
၂၀၂၆ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်
၂၀၂၆ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
ဆောင်းရာသီကာလ (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ)အတွက်
၂၀၂၅ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်
၂၀၂၅ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သခန့်မှန်းချက်













