၃၀-၁၀-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော နီကိုးဘားကျွန်းတို့တွင် အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ၃၁-၁၀-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ ၂-၁၁-၂၀၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပါသည်။
မိုးဦး၊မိုးလယ်၊မိုးနှောင်း/ဆောင်းရာသီကာလ ယေဘုယျ မိုးလေ၀သခန့်မှန်းချက်
ဆောင်းရာသီကာလ (၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထိ)အတွက် ယေဘုယျ မိုးလေဝသ ခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊
(၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါ သည်။ ကပ္ပလီပင်လယ်ပြင်
နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။
၂၀၁၈ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေဝသခန့်မှန်းချက်
မိုးနှောင်းကာလသတ်မှတ်ခြင်း
၂၀၁၈ ခုနှစ်၊ မိုးနှောင်းကာလသည် ခရစ်သက္ကရာဇ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့
(မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ဝါခေါင်လဆုတ် (၆)ရက်နေ့)မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ
အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့်နေ့အထိ ဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသ ခန့်မှန်းချက်
၂၀၁၈ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း
၂၀၁၈ ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ပထမဝါဆိုလဆုတ် (၄)ရက်မှ ဝါခေါင်လဆုတ် (၅)ရက်နေ့) အထိ ဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေဝသခန့်မှန်းချက်
၂၀၁၈ ခုနှစ်၊ မိုးဦးကာလ သတ်မှတ်ခြင်း
၂၀၁၈ ခုနှစ်၊ မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်
နေ့မှ ၂၀၁၈ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်ပါသည်။
၂၀၁၈ ခုနှစ် မုတ်သုံလေ ဝင်ရောက်နိုင်မှုအခြေအနေ
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာရှိပါသည်။
(က
၂၀၁၈ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်
အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်း အခြေအနေ
အနောက်တောင်မုတ်သုံလေသည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ပထမရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၀
ခုနှစ်၊နယုန်လပြည့်ကျော်ခန့်) တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ဝင်ရောက်ဖွယ်ရာရှိပြီး၊ ၂၀၁၈ ခုနှစ်၊
အောက်တိုဘာလ ပထမရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၀ခုနှစ်၊ တော်သတင်းလပြည့်ကျော်ခန့်)
တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွ
ဆောင်းရာသီကာလ (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလထိ) အတွက် ယေဘုယျ
မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၃)ကြိမ်ဖြစ်ပေါ်
နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီ
ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊
၂၀၁၇ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေဝသခန့်မှန်းချက်
မိုးနှောင်းကာလသတ်မှတ်ခြင်း
၂၀၁၇ ခုနှစ်၊ မိုးနှောင်းကာလသည် ခရစ်သက္ကရာဇ် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ
(၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ တော်သလင်းလဆန်း (၁၁)ရက်နေ့)မှစ၍
မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့်နေ့အထိ ဖြစ်ပါသည်။
၂၀၁၇ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသခန့်မှန်းချက်
========================================
၂၀၁၇ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း
==========================
၂၀၁၇ ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့
(မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်မှ တော်သလင်းလဆန်း (၁၀)ရက်နေ့)
အထိ ဖြစ်ပါသည်။
ဆောင်းရာသီကာလ (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလထိ)
===============================================
၂၀၁၆ ခုနှစ်၊ မိုးနှောင်းကာလ အတွက် မိုးလေဝသခန့်မှန်းချက်
(၂၈.၈.၂၀၁၆)ရက်နေ့ထုတ်ပြန်ချက်
၂၀၁၆ ခုနှစ်၊ မိုးနှောင်းကာလသတ်မှတ်ခြင်း
၂၀၁၆ ခုနှစ်၊ မိုးနှောင်းကာလသည် ခရစ်သက္ကရာဇ် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့
(မြန်မာသက္ကရာဇ် ၁၃၇၈ခုနှစ်၊ ဝါခေါင်လကွယ်နေ့)မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ













