မြေငလျင်သတင်း

မြေငလျင်သတင်း

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ (၃၇)မိနစ် (၅၉စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၆၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မောက်မယ်မြို့အရှေ့တောင်ဘက် (၂၁) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၀၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၉၄) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၅ (M)  အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။