မြစ်ရေကြီးခြင်းသတိပေးချက်

ရေကြီးခြင်းသတိပေးချက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)     

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်အလိုတွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

 သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်နှင့်မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေး နှိုးဆော်အပ်ပါသည်။