ရေကြီးမှုအခြေနေသတင်း

ရေကြီးမှုအခြေအနေသတင်း 

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်၊ ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက်)     

     ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့်တွင် ရောက်ရှိနေပြီး  နောက် ၁ ရက် အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင် ပါသည်။ 

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့်တွင် ရောက်ရှိနေပြီး  နောက် ၁ ရက်အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့(လွယ်တော်ခမ်းကျေးရွာ)တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီး အဆိုပါ ချောင်းရေသည် နောက် ၁၂ နာရီအတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ပါသည်။ 

သို့ဖြစ်ပါ၍ တာချီလိတ်မြို့နယ်၊ မဒေါက်မြို့နှင့် ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော် အပ်ပါသည်။