ရေကြီးမှုအခြေနေသတင်း

ရေကြီးမှုအခြေအနေသတင်း 

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ ၁၅:၀၀ နာရီအချိန် ထုတ်ပြန်ချက်)       

     ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီး  နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက် လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ 

        သို့ဖြစ်ပါ၍ မုံရွာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေး လွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။