လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း

လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

         

            ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်း ပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) သည် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို စတင်ဖြတ်ကျော် လျက်ရှိပါသည်။  အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်း တို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။