ရေကြီးခြင်းသတိပေးချက်

ရေကြီးခြင်းသတိပေးချက်

(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ ၁၁:၃၀ နာရီအချိန် ထုတ်ပြန်ချက်)    

 

ယနေ့မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ)တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁၁ လက်မခန့်အလို တွင် ရောက်ရှိနေပါသည်။ အဆိုပါချောင်းရေသည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၆ လက်မခန့် ကျော်လွန်ရောက်ရှိနိုင်ပါသည်။ 

 

 သို့ဖြစ်ပါ၍ တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေ ဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုး ဆော်အပ်ပါသည်။