ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
(၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယမန်နေ့ညပိုင်းက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း “အာနာဘ်”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း ၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာနာဘ်” အဖြစ်သို့ ရောက်ရှိခဲ့ကာ ယနေ့မြန်မာ စံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)“အာနာဘ်”(ARNAB) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်”သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့ (Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင် မှ မိုင် ၃၀။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၇ ပေမှ ၉ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အရှေ့(သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်။
လှိုင်းအခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၈ ပေမှ ၁၀ ပေခန့်။