လပတ် ဇလဗေဒခန့်မှန်းချက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ လပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၁၀-၂၀၂၆ ရက်နေ့ ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၃ ပေမှ ၄ ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၆ ပေခွဲမှ ၈ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၃ ပေမှ ၄ ပေခွဲခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၅ ပေမှ ၆ ပေခန့် လက်ရှိရေမှတ် များအောက် ကျဆင်းလာနိုင်ပါသည်။
ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ပေဝက်ခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၅ ပေမှ ၆ ပေ ခန့်၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၃ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၄ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၃ ပေမှ ၄ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၂ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၂ ပေခွဲမှ ၃ ပေခန့်၊ ငဝန် မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၄ ပေခွဲခန့်၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ပေခွဲမှ ၂ ပေခွဲ ခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၂ ပေခွဲခန့်၊ ဘီးလင်းမြစ်ရေသည်ဘီးလင်းမြို့တွင်၂ ပေခန့်နှင့် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။













