Sea route forecast

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်

 (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ခ ျက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များ

အရဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်သိသိ

သာသာရွေ့လျားခြင်းမရှိဘဲ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့၏အ‌နောက်-အနောက်တောင်

ဘက်မိုင်(၉၀)ခန့်၊မြန်မာနိုင်ငံ၊မောင်တောမြို့၏အနောက်-အနောက်မြောက်ဘက်မိုင်(၁၄၀)ခန့်နှင့်

စစ်တွေမြို့၏အနောက်မြောက်ဘက်မိုင်(၁၉၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ကပ္ပလီ

ပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်း

နေပါသည်။

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၅-၂၀)၊တစ်ခါတစ်ရံမိုင်(၄၀)။

လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်မိုင်ဝက်ခန့်၊

ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၅-၂၀)၊တစ်ခါတစ်ရံ(၄၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။