ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်

 (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ခ ျက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များ

အရဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်

အရှေ့မြောက်ဘက်သို့အနည်းငယ်ရွေ့လျားခဲ့ပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့၏

အနောက်တောင်ဘက်(၅၅)မိုင်ခန့်၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက်

(၈၅)မိုင်ခန့်၊မြန်မာနိုင်ငံ၊မောင်တောမြို့၏အနောက်မြောက်ဘက်(၇၅)မိုင်ခန့်နှင့်

စစ်တွေမြို့၏အနောက်မြောက်ဘက်(၁၁၅)မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းရာမှ

အားအလွန်ကောင်းနေပါသည်။

ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်၊မိုင်ဝက်ခန့်။

ရေပြင်လေ။ တောင်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၅-၂၀)၊တစ်ခါတစ်ရံမိုင်(၄၀)။

လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။

ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်မိုင်ဝက်ခန့်၊

ရေပြင်လေ။ အနောက်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၂၀-၂၅)၊တစ်ခါတစ်ရံ(၄၅)မိုင်။

လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။