ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
(၂၀၂၀ ပြည့်နှစ်၊ မေလ (၂၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်
များအရ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော ဆိုင်ကလုန်း
မုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်-အရှေ့မြောက်ဘက်သို့
ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN) အဖြစ်သို့ အားလျော့
သွားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ (Kolkata)၏ အရှေ့မြောက်ဘက် မိုင်(၁၆၀)ခန့်၊
ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘိုဂူရမြို့(Bogura)၏ အရှေ့တောင်ဘက် (၁၀)မိုင်ခန့်၊ ဒါကာမြို့(Dhaka)၏
အနောက် မြောက်ဘက် (၈၅)မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီ
ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်
မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ (၈)ပေမှ (၁၀)ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်အောက်။
ရေပြင်လေ။ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅ - ၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။
လှိုင်းအခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ (၉)ပေမှ (၁၃)ပေခန့်။













