ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၁၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)                                              

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန်

တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း

တစ်ခုဖြစ်ပေါ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့

တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်

မုတ်သုံလေ အားကောင်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။

ရေပြင်လေ။                   အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)          

လှိုင်းအ‌ခြေအနေ။          လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                  (၅)ပေမှ (၇) ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

အမြင်တာ ။                  (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။

ရေပြင်လေ။                  တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀) 

လှိုင်းအ‌ခြေအနေ။         လှိုင်းကြီးမည်။

လှိုင်းအမြင့်။                  (၉)ပေမှ (၁၂)ပေခန့်။