၂၅-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် တောင်-အရှေ့တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၄၇)မိနစ် (၃၉)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက်(၁၇၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(တမူးမြို့၏ အရှေ့တောင်ဘက်(၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၃.၅)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနစ်၊ မေလ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၀)နာရီ (၀၈)မိနစ် (၁၃)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ တောင်-အနောက်တာင်ဘက် မိုင်(၄၃၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ မေလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၅)နာရီ (၁၃)မိနစ် (၃၇)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက်(၂၁၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(ဟုမ္မလင်းမြို့၏ အနောက်ဘက်(၁၀)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄.၁)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၂၃)နာရီ (၁၄)မိနစ် (၃၈)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၂၇၅)မိုင်ခန့် ကွာဝေးသော မြန်မာ့ပင်လယ်ပြင် (ကိုကိုးကျွန်း၏ အနောက်မြောက် (၄၃)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၂၁)နာရီ (၃၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၃၅၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၇ း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၇ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၅)မိနစ် (၁၆)စက္ကန့်အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တွံတေးမြိ့ု၏ အရှေ့မြောက်ဘက် (၄) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၃း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၇ ခုနှစ်၊ မတ်လ (၁၄)ရက်နေ့ မြန်မာစံတော်ချိန် (၂၃)နာရီ (၀၉)မိနစ် (၅၆)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်ဘက် မိုင် (၃၇၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Myanmar-India Boder Region)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။













