၂၅-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် တောင်-အရှေ့တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၅း၄၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၆ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၅)နာရီ (၂၆)မိနစ် (၀၀)စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှ တောင်-အရှေ့တောင်ဘက် (၁၃၅၀)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Southern Sumatra, Indonesia)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၆.၅)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၀၀း၄၅ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၅ခုနှစ်၊ နိုင်ဝင်ဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၅)မိနစ်၊
(၂၂)စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် မိုင် (၁၄၀)ခန့်ကွာ
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၆း၀၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၅) နာရီ၊ (၄၄) မိနစ်၊
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၈း၃၀ နာရီအချိန် ထုတ်ပြန်ချက်)
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၀၀)မိနစ်၊ (၀၂)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင်(၁၈၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟားခါးမြို့၏ အနောက်တောင်ဘက် (၂၃)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၂၀း၃၀ နာရီအချိန်ထုတ်ပြန်ချက်)
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၅၉)မိနစ်၊ (၄၁)စက္ကန့်အချိန်တွင်
မန္တလေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၆၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း













