၂၅-၁၀-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် တောင်-အရှေ့တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Earthquake News
နောက်ဆက်တွဲမြေငလျင်သတင်းအမှတ်စဉ် -၃၀၄=====================နေ့စွဲ ၁၉-၆-၂၀၂၆လှုပ်ခတ်သည့်အချိန် - ၂၁း၁၆း၂၆ပမာဏ - ၃.၀ (M)
နောက်ဆက်တွဲမြေငလျင်သတင်းအမှတ်စဉ် -၃၀၃=====================နေ့စွဲ ၁၇-၆-၂၀၂၆လှုပ်ခတ်သည့်အချိန် - ၁၀း၄၆း၂၉ပမာဏ - ၄.၁ (M)
နောက်ဆက်တွဲမြေငလျင်သတင်းအမှတ်စဉ် -၃၀၂=====================နေ့စွဲ ၁၄-၆-၂၀၂၆လှုပ်ခတ်သည့်အချိန် - ၀၀း၃၁း၄၂ပမာဏ - ၃.၆ (M)













