ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

 (၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။   နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                        ၄ မိုင်၊ မိုးရွာစဉ် မိုင်ခန့်။

ရေပြင်လေ။                       အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်တစ်ခါတစ်ရံ မိုင် ၃၀။

လှိုင်းအ‌ခြေအနေ။             လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                     ၈ ပေမှ ၁၀ ပေခန့်။   

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။   တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

အမြင်တာ။                        ၅ မိုင်။

ရေပြင်လေ။                                         မြောက်(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်တစ်ခါတစ်ရံ ၂၅ မိုင်။

လှိုင်းအ‌ခြေအနေ။             လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                     ၅ ပေမှ ၇ ပေခန့်။