(၁၀)ရက်ပတ်မြစ်ရေခန့်မှန်းချက်

၂၀၁၅ခုနှစ်၊မေလပထမ(၁၀)ရက်ပတ်မြစ်ရေအခြေအနေခန့်မှန်းချက်

(၂၈-၄-၂၀၁၅ ရက်နေ့ထုတ်ပြန်သည်)

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင်(၄)ပေမှ (၆)ပေခန့်၊ မန္တလေးမြို့၊့ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့တို့တွင် (၃)ပေမှ (၅)ပေခန့်နှင့်  ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊  ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်  (၃)ပေခန့်လက်ရှိရေမှတ်များ၏ အထက်မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင်(၂)ပေမှ (၃)ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် (၁)ပေခန့်လက်ရှိရေမှတ်များ‌၏ အထက်မြင့်တက်လာနိုင်ပါသည်။

၂၀၁၅ခုနှစ်၊ဧပြီလ တတိယ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်