ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းခ ျက်
(၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ခ ျက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်မုတ်သုံလေအားနည်းနေပြီး၊
ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တိုတွင်မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပါသည်။
ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက် မိုးကြီးနိုင်ပါသည်၊
အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်မိုင်ဝက်ခန့်၊
ရေပြင်လေ။ အနောက်(သို့)အနောက်တောင်၊တစ်နာရီပင်လယ်မိုင်(၁၅-၂၀)၊တစ်ခါတစ်ရံ(၃၅)မိုင်။
လှိုင်းအခြေအနေ။လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။
ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှနောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအခြေအနေ။နေရာစိပ်စိပ်မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ (၄)မိုင်၊မိုးရွာစဉ်မိုင်ဝက်ခန့်။
ရေပြင်လေ။ အရှေ့(သို့)အရှေ့မြောက်၊တစ်နာရီပင်လယ်မိုင်(၁၀-၁၅)၊တစ်ခါတစ်ရံမိုင်(၃၀)။
လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။













