မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၃း၁၈ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃) နာရီ၊ (၀၂) မိနစ်၊ (၄၉) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ မြောက်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၉၂ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၇ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၄(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။