ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၁၁.၈.၂၀၁၆)

  ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်   
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ  (၁၁)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။  ယနေ့မြန်မာစံတော်ချိန် (၀၆း၀၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား

ကမ်း ခြေအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ အနည်းငယ်ရွေ့လျား

ခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ခရစ်နန်နဂါမြို့၏ အရှေ့ဘက် မိုင်(၃၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ချူဒန်ဂါမြို့၏ အရှေ့

တောင်ဘက် မိုင်(၂၀)ခန့်အကွာတွင် တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အနောက်

မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင်‌့ ဘင်္ဂလားပင်လယ်အော်

တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။    နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါသည်။
အမြင်တာ ။        (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။    အနောက်(သို့)အနောက်‌တောင်၊ တစ်နာရီပင်လယ်မိုင် (၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံံ (၃၅)မိုင်။
လှိုင်းအ‌ခြေအနေ။    လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။    နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ ။        (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။         အနောက်တောင်(သို့) အနောက်‌တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅ - ၂၀)မိုင်၊ တစ်ခါတစ်ရံံ (၄၀)မိုင်။
လှိုင်းအ‌ခြေအနေ။     လှိုင်းကြီးမည်။