DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၂-၃-၂၀၂၆ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၆၄) ကြိမ်မြောက်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားအတွက် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို "ရာသီဥတုကောင်းမွန်ရေး အလေးထား ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အောက်ပါစည်းကမ်းချက်များအတိုင်း ပါဝင် ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-

ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာအနည်းဆုံး စာမျက်နှာ ၁၀ မျက်နှာအထိ ရေးသား ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကွန်ပျူတာစာလုံး Myanmar Unicode (Pyidaungsu Font) စာလုံးအရွယ်အစား-၁၃ (Font Size 13) စာကြောင်းအကွာအဝေး .၁၅ (Line Spacing 1.15) ဖြင့် ကွန်ပျူတာစာစီ၍ PDF နှင့် Microsoft Word တို့ဖြင့် ပေးပို့ရမည် ဖြစ်ပါသည်။

ပြိုင်ပွဲဝင်များ ပေးပို့သည့်စာမူများသည် မိမိကိုယ်တိုင် ဖန်တီးရေးသားထားသည့် စာမူဖြစ်ပြီး၊ ပေးပို့ လာသည့်စာမူသည် ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မီဒီယာများတွင် ဖော်ပြထားပြီးသည့် စာမူများ မဖြစ်စေရပါ။

ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆုများစိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ပွင့်လင်း မြင်သာမှု ရှိစွာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ပထမဆု ကျပ် (၃) သိန်း၊ ဒုတိယဆု ကျပ် (၂) သိန်း၊ တတိယဆု ကျပ် (၁) သိန်း စုစုပေါင်း ()ဆုကို ချီးမြှင့်မည်ဖြစ်ပြီး ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်သည်။ စာကို အထောက်အထားဖြင့်ဖော်ပြပါက ကျမ်းကိုးကို ထည့်သွင်းဖော်ပြရမည်။

- ပြိုင်ပွဲဝင်ဆောင်းပါးများကို (Hard/Soft-copy) တစ်စုံစီ၊ ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ပတ်စပို့အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ၊ ဥက္ကဌ၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၂၅၀၉၅၄၆၅၉ နှင့် အတွင်းရေးမှူး၊ ဆောင်းပါး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉- ၂၅၀၉၅၄၆၅၆ သို့ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့၊ ညနေ()နာရီ နောက်ဆုံးထား၍ ဆက်သွယ် ပေးပို့နိုင်ပါသည်။ စည်းကမ်းချက်များနှင့်မကိုက်ညီသော ဆောင်းပါးများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

- ဆုရရှိသူများအားမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ Website (http://www.dmh.gov.mm) နှင့် Facebook (https://www.facebook.com/ dmhmoezalanaypyitaw/) တို့တွင် ကြေညာပေး မည်ဖြစ်ပြီး ဆုများကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ မိုးလေ၀သနေ့အခမ်းအနား၌ ချီးမြှင့်သွားမည် ဖြစ်ပါသည်။

ဥက္ကဌ

ဆောင်းပါးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန