ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ကုန်းတွင်းပိုင်းဒေသများတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက် ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်သို့ ရောက်ရှိခဲ့ကာ ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။       နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။                      ၄ မိုင်၊ မိုးရွာစဉ်  ၁ မိုင်ခန့်။

ရေပြင်လေ။                     အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်။          

လှိုင်းအ‌ခြေအနေ။              လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                    ၇ ပေမှ ၉ ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။       နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

 အမြင်တာ။                     ၄ မိုင်၊ မိုးရွာစဉ်  ၁ မိုင်ခန့်။

ရေပြင်လေ။                     တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ  မိုင် ၃၀ မှ ၃၅ မိုင်။

လှိုင်းအ‌ခြေအနေ။              လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                     ၇ ပေမှ ၉ ပေခန့်။