ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၁၂) နာရီအတွင်း အိန္ဒိယ နိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်ကာ၊ ထိုမှတစ်ဆင့် မြောက်ယွန်းယွန်းသို့ ဦးတည်ပြီး (၃၆) နာရီအတွင်း အင်ဒရာပရာဒေ့ရှ်ကမ်းရိုးတန်းတစ်လျောက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်၊၊ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
အမြင်တာ။ ၅ မိုင်။
ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၄ ပေမှ ၇ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအခြေအနေ။ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၄ ပေမှ ၇ ပေခန့်။













